Latest News

နောက်ဆုံးရသတင်းများ

စာပေဆိုင်ရာလှုပ်ရှားမှုများအတွက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရုံးချုပ်၏ အစည်းအဝေးခန်းမကို အခမဲ့ ငှားရမ်းအသုံးပြုနိုင်

ပြည်တွင်း

13/06/19

နေပြည်တော်  ၁၃  ဇွန်

စာပေဆိုင်ရာ လှုပ်ရှားမှုများအတွက် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ် (၂၁၂) သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရုံးချုပ်၏ အစည်းအဝေးခန်းမကို အခမဲ့ ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (၁၆)ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံ တက်ရောက်

ပြည်တွင်း

13/06/19

ဆီရမ်ရိ (ပ်) ၁၂  ဇွန် 

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရီ (ပ်)  မြို့၌  ဇွန် ၁၂ ရက်မှ ဇွန် ၁၄ ရက်အထိ ကျင်းပသည့် (၁၆) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (16th Asia Media Summit) ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်  ၉  နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ  ကမ္ဘောဒီးယားနိုင်ဝန်ကြီးချုပ် ဆန်ဒက်ဟွန်ဆန်က အဖွင့်အမှာ စကားပြောကြားသည်။

ဒုတိယဝန်ကြီး ဦးအောင်လှုထွန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြန်/ဆက်ရုံးများနှင့် မင်းဘူးရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး

ပြည်တွင်း

13/06/19

နေပြည်တော်   ၁၂  ဇွန် 
       
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှုထွန်းသည် ယနေ့တွင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ အောင်လံမြို့နယ်များရှိ ပြန်/ဆက်ရုံး များနှင့် မင်းဘူးရုပ်သံ ထပ်ဆင့်လွှင့် စက်ရုံတို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရင်ဆိုင်နေရသော ပြဿနာများနှင့် ပြည်သူ့သဘောထား

အယ်ဒီတာ့ အာဘော်

13/06/19

ဒီမိုကရေစီ အမှောင်ဖုံးကာ လုံးဝဆိတ်သုဉ်းသွားသည့် နိုင်ငံအဖြစ်မှ ဒီမိုကရေစီအလင်းရောင် စတင်ဖြန့်ကြက်လာသည့် နိုင်ငံအဖြစ်သို့ ကူးပြောင်းလာခါစ မြန်မာနိုင်ငံသည် တွန်းတိုက်မှုများ၊ စိန်ခေါ်မှုများနှင့် အမွေဆိုးများကို ဖြေရှင်းနေရမှုများ စသည့်များစွာသော ပြဿနာတို့ ကြားမှာ ခေါင်းမဖော်နိုင်အောင်ရှိနေဆဲ ဖြစ်ပါသည်။

မြစ်ချောင်းများရှင်သန်မှ ဂေဟစနစ်ဖွံ့ဖြိုး

အယ်ဒီတာ့ အာဘော်

13/06/19

မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်ဖြစ်သည့် မြစ်၊ ချောင်းများ ပေါများသည့် နိုင်ငံဖြစ်သည်။ မြစ်ချောင်းများ၏ ရေပြင်သည် မြန်မာပြည် အထက်ပိုင်းတွင် သန့်ရှင်းကြည်လင်နေသည်။ မြန်မာပြည်အောက်ပိုင်း မြစ်ဝများသို့ရောက်လျှင် နုန်းအနည်တို့ကျသဖြင့် မြစ်ရေသည်နောက်လေ့ ရှိသည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများသည် စီးဆင်းရာလမ်းကြောင်း တစ်လျှောက် သန့်ရှင်းကြည်လင်သဖြင့် ထိုရေကိုလူသတ္တဝါများ အသုံးပြုကာ ရှင်သန်ရပ်တည်နေကြသ

သန့်စင်သောသွေး လူသားအားလုံးရရှိရေး

သတင်း ဆောင်းပါးများ

13/06/19

ဒေါက်တာသီတာအောင် (အမျိုးသားသွေးဌာန -ရန်ကုန်)

ယခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၁၄ ရက်နေ့တွင် ရဝမ်ဒါနိုင်ငံ Kigali မြို့၌ကျင်းပမည် ဖြစ်သည်။

စစ်ကိုင်းမြို့ မြို့မဈေးအတွင်း ခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ပြည်တွင်း

12/06/19

စစ်ကိုင်းမြို့ မြို့မဈေးကြီးအတွင်း ရောင်းချနေသည့် မုန့်မျိုးစုံဆိုင်များနှင့် ရပ်ကွက်များ၌ ထုတ်လုပ်ရောင်းချနေသည့် မုန့်တီလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက စစ်ကိုင်းခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခြင်းနှင့် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

အဖတ်များဆုံး သတင်း