Latest News
နောက်ဆုံးရသတင်းများ
ဒုတိယဝန်ကြီး ဦးအောင်ထူး တရုတ်ပြည်သူ့သမ္မတနိုင်ငံ Assistant Minister of Commerce Mr. Li Chenggang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
12/06/19
နေပြည်တော် ၁၂ ဇွန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Assistant Minister of Commerce, Mr. Li Chenggang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဟားခါး-ထန်တလန်ကားလမ်းပိုင်း အချိန်ပိုင်းအတွင်း ခေတ္တလမ်းပိတ်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ အသိပေးကြေညာ
12/06/19
ချင်းပြည်နယ် ဟားခါး-ထန်တလန် ကားလမ်း၊ တီးမစ်ချောင်းအနီး မိုင်တိုင် (၃/၅) အနီးတွင် အန္တရာယ်ရှိသော ကျောက်တုံးကြီးများ ဖြိုချရန်ရှိသည့်အတွက် ............
မွန်ပြည်နယ်တွင် အားကစားမြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
12/06/19
မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ မွန်ပြည်နယ် အားကစားမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
12/06/19
၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက စစ်တွေမြို့ ဓညဝတီအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေး (၂/၂၀၁၉) ကျင်းပ
12/06/19
တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး(၂၀/၂၀၁၉) ကျင်းပ
12/06/19
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၂၀/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများသိမ်းဆည်းမှုအကြောင်း သတင်းမှတ်တမ်းရိုက်ကူး
12/06/19
ဂျပန်နိုင်ငံ NHK သတင်းဌာနမှ ရိုက်ကူးရေးအဖွဲ့သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများအား ရှာဖွေသိမ်းဆည်းမှု ပြုလုပ်နေသည့် ဂျပန်နိုင်ငံသား Mr.Imoto ၏အကြောင်းကို ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် ကာဒူကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ရုပ်သံမှတ်တမ်းရိုက်ကူးသည်။