Latest News

နောက်ဆုံးရသတင်းများ

ဗြိတိန်ဘုရင်၏ မွေးနေ့ပွဲအထိမ်းအမှတ် ချီတက်ပွဲသို့ ဝေလမင်းသမီးတက်ရောက်မည်

နိုင်ငံတကာ

16/06/24

လန်ဒန် ဇွန် ၁၆

ဗြိတိန်နိုင်ငံ၏ ဝေလမင်းသမီးသည် မတ်လမှစတင်ကာ ကင်ဆာရောဂါကုသမှုခံယူနေသည့် နောက်ပိုင်း    ပထမဦးဆုံး အကြိမ်အဖြစ် ကိုယ်ရေးကိုယ်တာ စာတစ်စောင်ထုတ်ပြန်ခဲ့သည်။ ဝေလမင်းသား ဝီလီယံနှင့်လက်ထပ်ထားသည့် ကတ်သရင်းသည် ၎င်း၏ ကင်ဆာရောဂါကုသမှုမှာ အခြေအနေများ တိုးတက်ကောင်းမွန် နေသည်ဟု ဇွန် ၁၄ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်တွင်း

16/06/24

လွိုင်ကော်    ဇွန် ၁၆

ကယားပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇွန် ၁၅ ရက်က ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ယခုနှစ်စတင်ကျင်းပမည့် အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း ယှဉ်ပြိုင်ခွင့်ရမည်

ပြည်တွင်း

16/06/24

ရန်ကုန် ဇွန် ၁၆

အာရှဘောလုံးအဖွဲ့ချုပ်က ပထမဆုံးကျင်းပမည့်  ၂၀၂၄-၂၀၂၅ ရာသီအာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲတွင်    မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်  မြဝတီအမျိုးသမီးအသင်း  ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

မလေးရှား ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာလမ်းလျှောက်အားကစားမယ် ဇင်မေထက် ရွှေတံဆိပ် ဆွတ်ခူး

ပြည်တွင်း

16/06/24

ရန်ကုန် ဇွန် ၁၆


မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲကို ဇွန် ၁၅ ရက်က မလေးရှားနိုင်ငံ ဆာရာဝပ်မြို့၌ကျင်းပရာ မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ် စတင်ဆွတ်ခူးရရှိပြီး မြန်မာလမ်းလျှောက် အားကစားမယ် ဇင်မေထက်က ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

ဆိုက်ပရပ်စ်၌ စံချိန်တင်အပူချိန်မြင့်တက်ပြီးနောက် တစ်ဦးသေဆုံးပြီး အခြားအများအပြား ဆေးရုံတင်ထားရ

နိုင်ငံတကာ

16/06/24

နီကိုးရှား ဇွန် ၁၆

ဆိုက်ပရပ်စ်နိုင်ငံ၌ သောကြာနေ့ က   အပူချိန်   ၄၅   ဒီဂရီဆဲလ်စီးယပ်အထိရှိသည့်အတွက်  ဇွန်လတွင်  စံချိန်တင် အပူချိန်မြင့်တက်ခဲ့ပြီး အပူလျှပ်လက္ခဏာများကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသေဆုံးကာ အခြားအများ အပြား ဆေးရုံတင်ထားရကြောင်း ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။ 

ဘားအံတက္ကသိုလ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ပြည်တွင်း

16/06/24

ဘားအံ ဇွန် ၁၆

ကရင်ပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဇွန် ၁၄ ရက်  နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့အကြား  ပူးပေါင်းဆောင်ရွက်မှုပိုမိုမြင့်မားလာစေရန် ဝန်ကြီးချုပ်ကီရှီဒါနှင့် မိုဒီတို့ကတိပြု

နိုင်ငံတကာ

16/06/24

တိုကျို ဇွန် ၁၆

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားလာစေရန် ဂျပန်နိုင်ငံသို့ အိန္ဒိယဝန်ကြီးချုပ် လာရောက်လည်ပတ်စဉ်အတွင်း ကတိပြုခဲ့ကြောင်း သိရသည်။