Latest News
နောက်ဆုံးရသတင်းများ
မြိတ်မြို၌ (၂၁)ကြိမ်မြောက် ပရိယတ္တိ သာသနပါလ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပ
26/02/24
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်ဆီမီးစေတီတော်တွင် (၂၁)ကြိမ်မြောက် ပရိယတ္တိ သာသနပါလ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၊ ရေကြည်တော်ဓမ္မာရုံနှင့် စာကြည့်တိုက်တို့တွင် ဖေဖော်ဝါရီ ၂၅ ရက်က စတင်ကျင်းပခဲ့ရာ ရဟန်း၊ သာမဏေနှင့် သီလရှင် အပါး ၂၉၀ ဖြေဆိုလျက်ရှိကြသည်။
သန်လျင်မင်းကျောင်းစာသင်တိုက် လေးထပ်ဆွမ်းစားကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာကျင်းပ
26/02/24
သန်လျင်ခရိုင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်အတွင်း တည်ဆောက်ပြီးစီးသွားသော အဂ္ဂမဟာရွှေမေတ္တာ လေးထပ်ဆွမ်းစားကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာ ရေစက်ချမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်က အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ရှစ်ခုဖြင့် ကျင်းပမည်
26/02/24
၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိ နိုင်ငံတစ်ဝန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီး၌ တက္ကသိုလ်ဝင် စာမေးပွဲ ပြုလုပ်သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် စာစစ်ဌာန ရှစ်ခုဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်သည်။
ပုဂံဒေသရှိ ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က Plastic Campaign စုပေါင်းဆောင်ရွက်
26/02/24
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပစေရန်နှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ရည်ရွယ်၍ အပတ်စဉ် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်က Bagan Plastic Campaign အဖွဲ့ ဦးဆောင်သော ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပုဂံမြို့ဟောင်းရှိ ရွှေဆံတော်ဘုရားကြီး ပရိဝုဏ်အတွင်းအပြင်နှင့် ပုဂံမြို့သစ်သွား ကားလမ်းဘေး(ဝဲ ၊ ယာ)သို့ သွားရောက်ပြီး Plastic Campaign စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးနှစ်ပေါင်း ၂၀၀ ကျော်ကြာ နွားလှည်းတန်းဖြင့် ဘုရားဖူးထွက်သည့် အစဉ်အလာကို ယနေ့တိုင် ထိန်းသိမ်းထား
26/02/24
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာသည် ရှေးနှစ်ပေါင်း ၂၀၀ ကျော်ကြာ နွားလှည်းတန်းဖြင့် ရွှေစက်တော်ဘုရားသို့ ဘုရားဖူးထွက်သည့် အစဉ်အလာကို ယနေ့တိုင် ထိန်းသိမ်းခဲ့ပြီး တစ်နိုင်ငံလုံးတွင် ရှားရှားပါးပါး တစ်ရွာတည်းသာ နွားလှည်းတန်းဖြင့် ဘုရားဖူးထွက်သော ကျေးရွာတစ်ရွာဖြစ်သည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
26/02/24
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်
26/02/24
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်
ကမ္ဘာတွင် မြန်မာနိုင်ငံ ရေခဲတောင်ဒေသ နောင်မွန်ဧရိယာ၌သာတည်ရှိသည့် ဖက်ချေနို့တိုက်သတ္တဝါ ရှင်သန်လျက်ရှိ
26/02/24
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅