မိုးနဲမြို့၌ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ဖြန့်ဖြူးရေးသတင်းစနစ် သင်တန်းပို့ချ
အရည်အသွေးအဆင့်မီသော မျိုဆက်ပွားဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများအား လူနာများထံသို့ အဆက်မပြတ် ထောက်ပံ့မှုပေးနိုင်ရန်အတွက် ပြည်နယ်၊ တိုင်းဒေသကြီးနှင့် မြို့နယ်များမှတစ်ဆင့် ကျေးလက်ကျန်းမာရေးဌာန အသီးသီးရှိ ဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ဖြန့်ဖြူးရေး သတင်းစနစ် သင်တန်းကို ဇွန် ၂၆ ရက်မှ ၂၇ ရက်ထိ မိုးနဲမြို့ ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမ၌ ပို့ချပေးလျက်ရှိသည်။






