တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုများကို တစ်နေရာတည်း၌ စုံလင်စွာလေ့လာကြည့်ရှုနိုင်ရန် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုပြခန်းဖွင့်လှစ်ပြသ

မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၀)ကျော်သည် နေရာဒေသအသီးသီးတွင် ပျံ့နှံ့နေထိုင်လျက်ရှိကြပြီး ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ ပွဲတော်များ၊ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများ၊ ရှေးဟောင်းနေရာများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ စသည့် ယဉ်ကျေးမှုအမွေအနှစ်များမှာလည်း နေရာအနှံ့အပြားတွင် ပျံ့နှံ့တည်ရှိလျက်ရှိသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်အခြေအနေ
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၉၂ ဒသမ ၉၁ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈၆ ဒသမ ၂၈ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၇၉ ဒသမ ၁၉ သန်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းနှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
အီဂျစ်နိုင်ငံ၌ ကျင်းပမည့် “12th Cairo International Animation Forum” တွင် Animation လက်ရာများ ပါဝင်ပြသနိုင်
အီဂျစ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအသင်းနှင့် အီဂျစ် Animation ရုပ်ရှင် အသင်း အဖွဲ့တို့ ပူးပေါင်း၍ 12th Cairo International Animation Forum ကို ဖေဖော်ဝါရီ ၂၁ ရက် မှ ၂၈ ရက်အထိ အီဂျစ်နိုင်ငံ၌ ...
ရွှေတိဂုံစေတီတော် (၅၆၅) ကြိမ်မြောက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကျင်းပ
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ၅၆၅ ကြိမ်မြောက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် စေတီတော် ရင်ပြင်တော်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ပြင်ဆင်ဖတ်ရှုပါရန်
mdn
လွှတ်တော်တွင် အဆိုတင်မည်ဆိုပါက အစိုးရနှင့် တိုင်ပင်ညှိနှိုင်းပေးစေလိုကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ပြော
ကောင်းစေချင်သောစေတနာဖြင့် အဆိုများတင်သွင်းကြသည်ကို အသိအမှတ်ပြုသော်လည်း အကောင် အထည်ဖော်ရသည့်နေရာတွင် အခက်အခဲများရှိနေသည့်အတွက် လွှတ်တော်တွင်အဆိုတင်မည်ဆိုပါက အစိုးရနှင့် တိုင်ပင်ညှိနှိုင်းပေးစေလိုကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ပြောကြားချက်အရ သိရသည်။