မန်းရွှေစက်တော်ဘုရား (၂၅၉၀)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော် ဖွင့်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား (၂၅၉၀)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော် ဖွင့်ပွဲနှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းဖွင့်လှစ်ခြင်း (၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သည်။