ဇမ္ဗူသီရိမြို့နယ်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက သုခသိဒ္ဓိရပ်ကွက်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော် ဘူးကွဲ ရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂရာဇာ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
နောင်ချိုမြို့နယ်၌ ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၂၀၀၀ (၂ တန်)  ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၂၀၀၀ (၂ တန်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ်(၉၄) နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ်(၉၄) သင်တန်းဖွင့်ပွဲကို ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
မြိတ်မြို ၌ ဘက်ထရီဆိုင်ကယ်များ အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ဦးမင်းဇော် (ဘ)ဦးဆိုင် ပိုင်ဆိုင်သည့် အလျား ပေ ၃၀၊ အနံ ပေ ၅၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း သုံးထပ်အဆောက်အအုံတွင် ဇန်နဝါရီ ၂၁ ရက်  ညနေ ၄ နာရီ မိနစ် ၅၀ က ဘက်ထရီဆိုင်ကယ်များ အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
အာနန္ဒာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ ဘုရားကြီးတောင်ဘက်မုခ်တွင် သံဃာတော် အရှင်သူမြတ်များက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်ခဲ့ကြောင်း အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံမှ သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ မင်းဘူး-ရွှေစက်တော် ယာဉ်လိုင်း ပြေးဆွဲမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်)မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ပေါင်း ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ရာ ဘုရားပွဲတော်ကာလ ဘုရားဖူးလာရောက်ကြသူများ သွားလာရေးအဆင်ပြေစေရန်အတွက် မင်းဘူး-ရွှေစက်တော် ခရီးသည်တင် ယာဉ်လိုင်းကို ဖေဖော်ဝါရီလအတွင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက လူဦးရေ ၄၂၀၀၀ ကျော်ကို အကျိုးပြုစေမည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြေလမ်း ၁၅/၆မိုင်၊ ကျောက်လမ်း ၁၁/၂မိုင်၊ အမာခံလမ်း ၂/၀မိုင်၊ ကွန်ကရစ်တံတား သုံးစင်း၊ Box Culvert ၆၅ စင်း၊ ကျောက်စီရေမြောင်း ပေ ၃၅၀ တို့ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၃၂၅၇ ဒသမ ၁၁၇ သန်းဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။