မောင်တောမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေး ငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ တောင်သူများအား  ဇွန် ၁၁ ရက် မွန်းလွဲပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်(ခွဲ)၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

မုဒုံမြို့နယ် ကမာဝက်မြို့၌ မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် ပတ်ဝန်းကျင်သာယာလှပ စိမ်းလန်း စိုပြည်စေရန်  မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် နံနက်ပိုင်းက အလယ် တန်းကျောင်းဆောက်လုပ်မည့် မြေနေရာတောင်ဘက်ခြမ်း လမ်းဘေးဝဲယာတစ်လျှောက် တွင် ကျင်းပခဲ့သည်။
မိုးညှင်းတက္ကသိုလ်တွင် စု‌ပေါင်းသစ်ပင်စိုက်ပွဲတော် ကျင်းပ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မိုးညှင်းတက္ကသိုလ်တွင် ဇွန် ၁၂ ရက် နံနက် ၇ နာရီခွဲက ၂၀၂၁ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပွဲတော် ပြုလုပ်ခဲ့သည်။
မအူပင်ခရိုင်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဇွန် ၁၁ ရက်က ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာကော်မတီဝင်များနှင့် ပူးပေါင်းညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ဖော်ဆောင်ပေးနေသော ကင်ပွန်းချဉ်စိုက်ခင်း
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် ကင်ပွန်းချဉ်စိုက်ခင်းကို လယ်ယာ လုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်သော်လည်း တစ်ဖက်တစ်လမ်းမှ မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။