ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး
စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။ 
(၉)ခုမြောက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ခွဲ (လယ်ဝေးဘဏ်ခွဲ) ဖွင့်လှစ်
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ (၉)ခုမြောက်ဘဏ်ခွဲဖြစ်သည့် လယ်ဝေး ဘဏ်ခွဲ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက နေပြည်တော် လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သုခုမလမ်း၊ ဦးပိုင်/မြေကွက်အမှတ်(လပ-၀၁၉) (လယ်ဝေးမြို့နယ်၊ အားကစားကွင်းရှေ့)ရှိ အဆိုပါဘဏ်ခွဲ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ Social Distancing စနစ်ဖြင့် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အကောင်အထည်ဖော်ရေး လူငယ်များနှင့် ညှိနှိုင်းဆွေးနွေး
လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ -၂၀၂၄) အကောင် အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် Virtual Meeting ဖြင့် ကျင်းပသည်။
တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တတိယအကြိမ် လွှတ် တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ထမင်းစားခန်းမ ဆောင်၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ဆက်လက်ထိုးနှံပေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် World Pulses Day 2021 အခမ်းအနားနှင့် မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ပထမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတို့သို့ Video Massage ပေးပို့အမှာစကားပြောကြား

ဂန့်ဂေါခရိုင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
ဂန့်ဂေါမြို့နယ် ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဇန်နဝါရီ ၂၉ ရက် နံနက် ၈  နာရီမှ မွန်းလွဲ ၂ နာရီ ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးသည်။