ဟိုမိန်းတိုက်နယ်ဆေးရုံ၌ တီဘီရောဂါရှာဖွေစမ်းသပ်မှုနှင့် ကျန်းမာရေး အခမဲ့ကွင်းဆင်းကုသပေး
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံ၌ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေး (Mobile Team)အဖွဲ့နှင့် လင်းခေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကုသရေးအဖွဲ့တို့သည် တီဘီရောဂါရှာဖွေ စမ်းသပ်ကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီက အခမဲ့ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။







