ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရန်အတွက် မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေလုပ်ငန်းရှင်များ စုပေါင်း၍ အလှူငွေ ကျပ်သိန်း (၃၀၀၀) လှူဒါန်း
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ကြီးနယ်မြေ သာကေတရပ်ကွက် ကမ်းနားလမ်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးရှိ (၇)လွှာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၃၁ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရန်အတွက် နိုင်ငံတော်သို့ လွှဲပြောင်းလှူဒါန်းမည့် အလှူငွေကျပ်သိန်း (၃၀၀၀) လှူဒါန်းပွဲကျင်းပခဲ့ကြောင်







