မိတ္ထီလာမြို့နယ် လွန်ငင်ကျေးရွာတွင် မွမ်းမံရန်ပုံငွေဖြင့် မြေသားရေကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာမြို့နယ် အင်းကျေးရွာအုပ်စု လွန်ငင်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေ ကျပ် ၉ ဒသမ ၇ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြေသားရေကန် ပြန်လည် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရ
အိန္ဒိယငရုတ်မျိုးစိုက်တောင်သူများ  ဈေးကောင်းရောင်းချရခြင်းကြောင့် အဆင်ပြေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မြစ်ရေတင်ဖြင့် အိန္ဒိယငရုတ်မျိုး စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသည့် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ၁၂၀ဝ ကျပ်ရောင်းချရခြင်းကြောင့် အိန္ဒိယ ငရုတ်မျိုးစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရ
ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာတွင် ၂၄နာရီလျှပ်စစ်မီး အပြည့်အဝသုံးစွဲနိုင်တော့မည် 
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် လျှပ်စစ်မီးလင်းရေး 11KV မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ
ကျန်းမာရေးဝန်ထမ်းများအား ပို့ဆောင်ပေးခဲ့သည့်ယာဉ်လိုင်းအား ဂုဏ်ပြုမှတ်တမ်လွှာပေးအပ်ခြင်းနှင့် Covid-19 ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှူးရုံးတွင် ဒီဇင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီက ဗန်းမော်မြို့မှ ရန်ကုန်မြို့သို့ ကျန်းမာရေးဝန်ထမ်းများအား ကူညီပို့ဆောင်ပေးခဲ့သည့် မော်တော်ယာဉ်အသင်းနှင့် ရွှေကူမြို့နယ်အတွင်း Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ စေတနာ့ဝန် ထမ်းများအား ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ကျင်းပခဲ့သည်။
နည်းပညာတက္ကသိုလ်(ဗန်းမော်) တည်ဆောက်ရာတွင်   လိုအပ်ချက်အရ သိမ်းဆည်း ခဲ့သည့် လယ်ယာမြေအတွက် လျော်ကြေးငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
ကချင်ပြည်နယ် ဗန်းမော်မြို့ နည်းပညာတက္ကသိုလ် တည်ဆောက်ရာတွင် လိုအပ်ချက်အရ သိမ်းဆည်းခဲ့သည့် လယ်ယာမြေအတွက် လျော်ကြေးငွေ လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးတွင် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး  ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ဒီဇင်ဘာ ၁၅ ရက်  နံနက်ပိုင်းက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချခြင်း မပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ တရားမဝင် ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အင်ဆိုင်း ယန်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်မည့် မြေနေရာနှင့် စိမ့်စမ်းရေသွယ်လုပ်ငန်းဆောင်ရွက်မည့် နေရာတို့အား ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။