လိုင်လင်းပီမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များ ကွင်းဆင်းတိုင်းတာ

ချင်းပြည်နယ် မတူပီခရိုင် လိုင်လင်းပီမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းလျာထားချက်များကို  မြို့စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိမှ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့စည်ပင် သာယာရေးကော်မတီများ  ပူးပေါင်း၍ ဒီဇင်ဘာ  ၁  ရက်က ကွင်းဆင်းတိုင်းတာခဲ့ကြသည်။
မီးခိုးမြူငွေ့များ မဖြစ်ပေါ်စေရေးအတွက် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစီမံချက်(မူကြမ်း) အတည်ပြုနိုင်ရေးလုပ်ငန်းညှိနှိုင်း အွန်လိုင်းအစည်းအဝေး ပြုလုပ်
ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ကျင်းပသော ရှမ်းပြည်နယ်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် နိုင်ငံအတွင်း မီးခိုးမြူငွေ့များမဖြစ်ပေါ်စေရေးအတွက် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက် (မူကြမ်း) အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အွန်လိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြိတ်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးလုပ်ငန်းများကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၄၀၀၀ ကျော်ဖြင့် ဆောင်ရွက်မည်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ဒုတိယအကြိမ် တင်ဒါခေါ်ယူခြင်းကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တင်ဒါလုပ်ငန်းရှင်များ က  ပွင့်လင်းမြင်သာစွာဖြင့် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် (၅၆)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံနှင့်အကြိမ်(၄၀)မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်အဖွဲ့အစည်းအဝေးသို့ တက်ရောက်
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (South East Aisan Central Banks)နှင့် အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းငွေကြေးအာဏာပိုင်အဖွဲ့တို့ ကြီးမှူးကျင်းပသည့် (၅၆)ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံ (56th SEACEN Governors’ Conference) နှင့် အကြိမ်(၄၀) မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်အဖွဲ့အစည်းအဝေး (40th SEACEN Board Of Governors Meeting)တို့ကို ဒီဇင်ဘာ  ၁  ရက်  နံနက် ၉ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများကို လွှဲပြောင်းပို့ဆောင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံသား သံဃာတော်များအပါအဝင် အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၁ ဦးတို့ကို မြန်မာ တာဝန်ရှိပုဂ္ဂိုလ်များက ဒီဇင်ဘာ  ၂  ရက်  မွန်းလွဲပိုင်းတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
စေတုတ္တရာ၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီမှ စတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးသည်။
တင်ဒါစနစ်ဖြင့်ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ချပြရှင်းလင်းပွဲကျင်းပ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ချပြ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပကြောင်း ......................................