ပြင်ဦးလွင်မြို့နယ် အတွင်းရှိ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
ကိုဗစ်-၁၉ ရောဂါ  စီးပွားရေး ကုစားမှု  (CERP) အစီအစဉ်အရ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မြဝတီမြို့၌ မဲဆန္ဒရှင်များစာရင်းမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့်လျှောက်ထားသူများကို ပြင်ဆင်ပေးလျက်ရှိ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် မဲဆန္ဒရှင်အသိပညာပေး သင်တန်းဖွင့်လှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် သိသင့်သိထိုက်သည့် အချက်အလက်များကိုသိရှိစေရန်ရည်ရွယ်၍ အရပ်ဘက်လူမှု အဖွဲ့ အစည်း KSCN၊ ကော့ကရိတ်နှင့် PANNA INSTITUTE ၊STEPDEMOCRACY) တို့ပူးပေါင်း၍ယမန်နေ့က မဲဆန္ဒရှင်အသိ ပညာပေးသင်တန်းကို အမှတ် ၄ ရပ်ကွက်၊ တောင်ပေါ်ကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် တောင်သူများအတွက် ပထမအကြိမ်ထောက်ပံ့ငွေများနှင့် လင်းနို့ဂူဩဂဲနစ် သဘာဝမြေဩဇာ ထောက်ပံ့
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများ စိုက်ပျိုးရေးအကြောင်း သိ‌ကောင်းစရာများ သိရှိစေရန်နှင့် စပါးအထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်သူများ စိုက်ပျိုးရေးထိခိုက်မှု မရှိစေရေးအတွက်
မင်းဘူး(စကု)မြို့နယ်တွင် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာမှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ
မြဝတီမြို့တွင် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် ၂ နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား လာသော အသက် ၂ နှစ်အောက်ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက မြဝတီမြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။