မိုင်းခတ်မြို့နယ်၌ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးများတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုဌာနမှ ရပ်ကွက်၊ ကျေးရွာ/ အုပ်စုများရှိ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရက်ကွက်(၁) အတွင်းမှ အသက်၆လမှ ၅နှစ်အထိ ကလေးများအား ဗီတာမင်(A)ကိုလည်း ကောင်း၊အသက်၂နှစ်မှ၉နှစ်အထိ ကလေးများအား သန်ချဆေးကို လည်းကောင်း တိုက်ကျွေးခဲ့ကြောင်း သိရ
ရှမ်းရွာသစ်မြို့တွင် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုသူ (၄၀၆၃)ဦးရှိပြီး ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းနှင့် ကန့်ကွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ စတင်ကာ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဘောလခဲမြို့နယ် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် စေရေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မြေပြင်ကွင်းဆင်းစစ်ဆေး
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဘောလခဲမြို့နယ် အတွင်း ကျေးရွာများရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးခြင်း ကို သြဂုတ် ၈ ရက်မှ ၁၁ ရက်‌အထိ နံနက်ပိုင်းမှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကျေးရွာ အရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
တနိုင်းမြို့နယ်၌  မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေမှ ၅၀ ရာခိုင်နှုန်းဖြင့် အ.မ.က KG ကျောင်းဆောင် ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိုင်းခွန်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း မြစိမ်းရောင် စီမံကိန်း(၃)နှစ်ပြည့် အတိုးရငွေမှ ၅၀ ရာခိုင်နှုန်း ငွေကျပ်သိန်း(၁၂၀)ဖြင့် ကျေးရွာ (အ.မ.က KG) ကျောင်းဆောင် ပေ(၃၀ x ၂၆ x ၁၂)ဆောက်လုပ်နေမှုအား ဩဂုတ် ၁၁ ရက် နံနက် ၁၁ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးနှင့် အငယ်တန်းအင်ဂျင်နီယာ(၂)တို့က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ
ပုသိမ်မြို့တွင် ကိုဗစ်ကာလ စီးပွားရေးပြန်လည်ကုစားရေး အစီအစဉ်အရ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်သန့်ဆေးရည်ပြုလုပ်နည်း သင်တန်းဖွင့်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကိုဗစ်ကာလ စီးပွားရေးပြန်လည်ကုစားရေး အစီအစဉ်အရ  တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မေတ္တာဖောင်ဒေးရှင်းတို့ ပူးပေါင်း ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်သန့်ဆေးရည်ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်တွင်  လျှော်ဖြူစိုက်ပျိုးသူများ ဈေးနှုန်းကျဆင်း၍ ဈေးကောင်းရရှိရေးမျှော်လင့်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်  ကိုဗစ်-၁၉ ကာလ လျှော်ဖြူစိုက်ပျိုးသူများ ဈေးနှုန်း ကျဆင်း၍ ဈေးကောင်းရရှိရေး မျှော်လင့်နေကြောင်း လျှော်ဖြူစိုက်တောင်သူများထံမှ သိရသည်။
ထန်ပါခွေမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အပေါ့‌စားမီးသတ်စက် ထောက်ပံ့ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ထောက်ပံ့သော အပေါ့စားမီးသတ်စက် ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။