၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ထုတ်ပေးခြင်းဖြစ်ရာ အသက် (၁၈) နှစ်ပြည့်ပြီးသူ (၁၃) ဦး၊ အသက် (၁၀) နှစ်မှ (၁၈) နှစ်ပြည့်ပြီး၍ ကတ်ပြားလဲလှယ်သူ (၃၅) ဦး၊ ပျောက်ဆုံး/ပျက်စီးသဖြင့် မိတ္တူလျှောက်ထားသူ (၃၄) ဦး စုစုပေါင်း ဒေသခံပြည်သူ (၈၂) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့သည်။