ခန္တီးခရိုင်တွင်တွေ့ရှိသည့် နှံကောင်သည် ကန္တရကျိုင်းကောင်(နှံကောင်)မဟုတ်ကြောင်း အတည်ပြု
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်တချို့နေရာတွင် တွေ့ရှိသည့် နှံကောင်သည် ကန္တရကျိုင်းကောင် (နှံကောင်)မဟုတ်ကြောင်းနှင့် ဒေသတွင်းရှိသည့် ကော်ဖီကျိုင်းများသာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ပညာရှင်များလာရောက်ပြီး ခန္တီးမြို့နယ် သာစည်နှင့် အောင်သာယာရွာတွင် ကွင်းဆင်းစစ်ဆေး အတည်ပြုခဲ့ကြောင်း သိရသည်။








