ပဲခူးမြို့ရှိ စက်ရုံ(၂၂)ရုံမှ အလုပ်သမား(၈၈၅၉) ဦးအား လူမှုဖူလုံရေးအကျိုးခံစားခွင့် ထုတ်ပေး
လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်ထားသည့် စက်ရုံများ အနက်မှ ပဉ္စမအကြိမ်အဖြစ် စက်ရုံ(၂၂)ရုံအား ခွင့်ပြု ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဥဿာမြို့သစ်(၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ကျင်းပပြုလုပ်သည်။







