ဆိပ်ဖြူမြို့နယ်အတွင်း ကျေးရွာရှစ်ရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်သွားမည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာတွင် ငွေကျပ်သိန်း ၁၉၀၀ ဖြင့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အမာမြို့၌ ပေါ်ဆန်းရင် မျိုးစပါးများအား ပေါင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပြီး (Rs to Cs) စီးပွားဖြစ် မျိုးသန့် မျိုးစေ့ထုတ်စိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာတွင် တောင်သူဦးစိုးဝေ၏ လယ်မြေ အတွင်း၌ ယနေ့နံနက်မှစ၍ ပေါ်ဆန်းရင်မျိုးစပါးများအား ဘောင်ပျိုးစနစ်ဖြင့်ပျိုးထောင်ပြီး (Rs to Cs) မျိုးသန့်စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို
ပဲခူးတိုင်းဒေသကြီး စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ပဲခူးတိုင်းဒေသကြီး စပါး၊ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌    ကျင်းပသည်။
ပြေတီဦးဖောင်ဒေးရှင်းက ရုပ်ရှင်လောကသားများ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း
ပြေတီဦးဖောင်ဒေးရှင်းအနေဖြင့် ရုပ်ရှင်လောကသားများ၏ သားသမီးများအတွက် ပညာရေးသင်ကြား ရာတွင် အထောက်အပံ့ဖြစ်စေမည့်ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းခြင်းကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမ၌ ပြုလုပ်သည်။
ခမ်းပါတ်မြို့တွင် သွေးလွန်တုပ်ကွေးလူနာ တွေ့ရှိသည့် ပတ်ဝန်းကျင်အား ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ နှင့် ဆေးမှုတ်ခြင်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ အမှတ်( ၂ )ရပ်ကွက်တွင်  သွေးလွန်တုပ်ကွေးလူနာ တွေ့ရှိသည့်အတွက် ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများနှင့် ဆေးမှုတ်ခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀  ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ် သံဃနာယကအဖွဲ့၊ စာမေးပွဲကြီးကြပ်ရေး ဦးဆောင်ဆရာတော်များအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီး ဌာနတို့က မဟာမြတ်မုနိဘုရားကြီးအတွင်း၌ ယနေ့ မွန်းတည့် ၁၂ နာရီမှ စတင်ကျင်းပ ဖြေဆိုလျက်ရှိသည်။
ဆီဆိုင်မြို့နယ်တွင် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးစပါးပေါင်စနစ်ဖြင့် ပျိုးထောင်နည်းလက်တွေ့ပြသပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု ဆမ်ဆိုင်ကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းကြီးများအတွက် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း၊ “ဖော”ငမြောင်တောင် (FAW) ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်း များပေးအပ်ခြင်းနှင့် မိုးစပါးဘောင်စနစ် (Raised Bed)ဖြင့် ပျိုးထောင်နည်း လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆမ်ဆိုင်ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ကျင်းပသည်။