ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မိုးစပါး ဧက (၂၇၅၄) ကျော် စိုက်ပျိုးပြီးစီး

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နှင့် ကျေးရွာအတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါး (၂၇၅၄) ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း  လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးကိုကိုလေး၏‌ ပြောကြားချက်အရ သိရသည်။
မိုးနဲမြို့၌ လေးကြိမ်‌မြောက်နှစ် (၃၀) နှစ်ရှည်မြို့မြေငှားဂရမ် ပေးအပ်ပွဲကျင်းပ
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့မြေ တိုင်းတာရေးစီမံချက်အရ ပေါ့မိုင်းရပ်ကွက် အကွက်အမှတ်(၁၃)တွင် မြေယာပိုင်ဆိုင်မှုစာရင်း ကောက်ယူခဲ့ပြီး နှစ်ရှည်မြို့ မြေငှားဂရမ် (၄)ကြိမ်မြောက်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။
မြင်းခြံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြင်းခြံမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက်(CERP) အရ ဖွင့်လှစ်သော မေထုန်မဲ့သားစပ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
မံစီမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးစိုက်ပျိုးဧကများ ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများကို ထောက်ပံ့ငွေများ ပေးအပ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌  ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးစိုက်ပျိုးဧကများ ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်၌ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၇ သိန်းကျော်ရှိ
မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ် ၄ ခု၌ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၇ သိန်းကျော်ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှိအဖွဲ့ခွဲဥက္ကဋ္ဌထံက သိရသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကျေး ရွာ(၁၁) ရွာတို့မှ ကော်မတီဝင်များအား စီမံခန့်ခွဲမှုသင်တန်း သင်ကြားပို့ချ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား
အင်းစိန်မြို့နယ်တွင် လောင်စာဆီသိုလှောင်ရောင်းချသည့် လမ်းဘေးဆီဆိုင်များအား လိုက်လံရှာဖွေ စစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်တွင် လောင်စာဆီသိုလှောင်ရောင်းချသည့် လမ်းဘေးဆီဆိုင်များအား လိုက်လံရှာဖွေစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရှာဖွေစစ်ဆေးခဲ့သည်။