ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ National Energy Puma Aviation Services Co., Ltd ၏ လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ National Energy Puma Aviation Services Co., Ltd (Joint Venture of Myanma Petroleum Products Enterprise and Puma Energy Group Pte., Ltd) ၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကို ယနေ့ နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွားနိုင်မှုကို ကြိုတင်ခန့်မှန်း သိရှိနိုင်ရန်ရည်ရွယ်၍ ရောဂါဓာတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး ညှိနှိုင်းဆွေးနွေးကျင်းပ

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပုဂ္ဂလိက ချည်မျှင်စက်ရုံများမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးအား အများပြည်သူ ဖူးမြော်နိုင်ရန် ယနေ့ စတင်ဖွင့်လှစ်
စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးအား အများပြည်သူ ဖူးမြော်နိုင်ရန် ယနေ့ စတင်ဖွင့်လှစ်ကာ ဈေးသည်များကိုလည်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပွားစေရေး ဇီဝလုံခြုံရေးကို အထူးဂရုပြုရန် လိုအပ်ဟုဆို
မုံရွာခရိုင်အတွင်း အာဖရိက ဝက်အပြင်းဖျား ရောဂါမဖြစ်ပွားစေရေး ဇီဝလုံခြုံရေးကို အထူးဂရုပြုကြရန် လိုအပ်ကြောင်း မုံရွာခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာသောင်းစိန်၏ ပြောကြားချက်အရ သိရသည်။
မိတ္ထီလာမြို့နယ်၌ ကျေးရွာသုံးစိုက်ခင်း ဧက ၁၀၀နှင့်  အခြားစိုက်ခင်း ၂၅ ဧကတွင် ပျိုးပင်ပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေးရန်အတွက် ကျေးရွာသုံး စိုက်ခင်း ဧက ၁၀၀ နှင့် အခြားစိုက်ခင်း ၂၅ ဧကတို့တွင် ပျိုးပင်ပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လိုင်လင်းပီမြို့၌  ၄၀၀ ဗို့ ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်းဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဓာတ်အားသုံးမှု ၅၀ ရာခိုင်နှုန်း ရောက်ရှိပြီဖြစ်
ချင်းပြည်နယ်  လိုင်လင်းပီမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၄၀၀ ဗို့ ဓာတ်အားလိုင်း တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းကြောင့် ယခုအခါ  မြို့ပေါ်နေပြည်သူများ မီးသုံးစွဲမှု ရာခိုင်နှုန်းအနေဖြင့် ၅၀ ရာခိုင်နှုန်း ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။