ပြင်ဦးလွင်မြို့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် ထိုင်းနိုင်ငံမှနေရပ်ပြန် ၄၁၁ ဦးအား စနစ်တကျနေရာချထားပေးလျက်ရှိ

နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် ရှင်သန်ခိုင်မာရေး ကွင်းဆင်းဆောင်ရွက်

ကျိုက်ဒုံမြို့ဝင် ဟောင်သရောမြစ်ကူး ဘေလီဘောင်တံတားသစ်ကြမ်းခင်းများလဲလှယ်ပြီးဖြစ်၍ ယာဉ်များ ဖြတ်သန်းသွားလာနိုင်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ဝင် ဟောင်သရောမြစ်ကူးဘေလီတံတား သည် အရှည်ပေ (၇၈၀)ရှိပြီး သစ်ကြမ်းခင်းများသည် လက်ရှိအခြေအနေတွင် ဆွေးမြည့်ပျက်စီးနေပြီး မော်တော်ယာဉ် များ သွားလာရာတွင် အန္တရာယ်ရှိပါသဖြင့် ဇူလိုင်လ ၂ ရက်နေ့မှစ၍ တံတားအထူး(၁၄)မှ မြို့ပြအင်ဂျင်နီယာ ဦးဥက္ကာ ဦးဆောင်၍ ဆွေးမြည့်နေ သော သစ်သားကြမ်းခင်းများ လဲလှယ်ပြီး တံတားပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၆ ရက်တွင် တံတားပြုပြင်ခြင်း လုပ်ငန်းများအပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီး မော်တော်ယာဉ်၊ဆိုင်ကယ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းနိုင်ပြီး ဖြစ်
ဘားအံမြို့နယ် သံလွင်မြစ်ကမ်းဘေးရှိ ကျေးရွာချင်းဆက်လမ်း၊ တံတား မြေထိန်းနံရံနှင့် ကမ်းနားမြေပြိုမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငဖဲမြို့နယ်၌ CHINA EXIM BANK ချေးငွေမှ (၁၃)ကြိမ်မြောက် အရင်းအတိုးများ ပြေကျေစွာ လက်ခံရရှိ

ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦ တည်ဆောက်မည့်နေရာအား ချင်းပြည်နယ် လူမှုရေးဝန်ကြီး ကြည့်ရှု စစ်ဆေး