မြန်မာနိုင်ငံ၏ဂုဏ်ဆောင်ကာ ဒေသတွင်းနိုင်ငံများမှ လေကြောင်းလိုင်းများနှင့်အပြိုင် ပျံသန်းပြေးဆွဲမည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သို့ Airbus လေယာဉ်အသစ်တစ်စီး ထပ်မံရောက်ရှိ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က Fleet Extension အစီအစဉ်အရ မှာယူထားသည့် Airbus A319-112, MSN2446, XY-ALN လေယာဉ်အသစ်သည် ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
သုံးခွမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ၆၅၂ ဦးအား လူမှုရေးထောက်ပံ့ကြေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးထောက်ပံ့ကြေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို သုံးခွမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွား ၆၅၂ ဦးတို့ထံ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရတနာကုန်သည်များ မှတ်ပုံတင်စာရင်းသွင်းလက်ခံမည့် အဆောက်အဦနှင့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေး 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမအနီး ကျောက်စိမ်းဥယျာဉ်ဘေးရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲများသို့ လာရောက်မည့် ရတနာကုန်သည်များနှင့် ဧည့်သည်တော်များကို မှတ်ပုံတင်စာရင်းသွင်း လက်ခံမည့် အဆောက်အဦနှင့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဆောက်အဦ တာဝန်ယူတည်ဆောက်သည့် အင်ဂျင်နီယာတို့မှ အဆောက်အဦပြီးစီးမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။ 
ကျေးရွာကိုယ်ထူကိုယ်ထစနစ်ဖြင့် ကမမောင်း-ဝါးဘိုးတော ကားလမ်းပေါ်ရှိ ကျေးရွာ(၇)ရွာတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ကို သံလွင်မြစ်တစ်ဖက်ကမ်းရှိ လှိုင်းဘွဲမြို့နယ်၊ ကမ်းနီကျေးရွာမှ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၁၆)မိုင် သွယ်တန်းကာ ကမမောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ၂၄ နာရီ လျှပ်စစ်မီးရရှိစေရေးအတွက် ပြည်နယ်အစိုးရ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ဓာတ်အားခွဲရုံကို ဖွင့်လှစ်ပေးခဲ့သည်။
ထန်းတပင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ထပ်ဆောင်းထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အပိုဆောင်းထောက်ပံ့ငွေများကို မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ခန္တီးမြို့တွင် အသက် (၈၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ကာလ ထပ်ဆောင်းထောက်ပံ့ငွေ ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ပေါ်ရှိ အသက် ၈၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွား ၁၅ ဦးနှင့် ခန္တီးမြို့နယ်အတွင်းရှိ ၂၉ ဦးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးဘိုးဘွားများကို ယမန်နေ့ညနေက အိမ်တိုင်ရာရောက် လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့်ကာလ ထပ်ဆောင်းထောက်ပံ့ငွေများ ပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ကြောင့် တရုတ်သို့ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် ကုန်တင်ကားခများ ယခင်ထက် နှစ်ဆမြှင့်တက်
ကိုဗစ်-၁၉ ကြောင့် တရုတ်သို့ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် ကုန်တင်ကားခများ ယခင် ကိုဗစ်-၁၉ မဖြစ်ခင်ကာလထက် နှစ်ဆမြှင့်တက်လျက်ရှိကြောင်း ..............