ဆောမြို့နယ် လေးကျေးရွာ၌ ချီချောင်းဂုဏ်ဆောင် ကြိုးတံတားသစ်ဖွင့်ပွဲကျင်းပ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း(CDD) တတိယနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေပြည်သူတို့၏ ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လေးကျေးရွာရှိ ချီချောင်းဂုဏ်ဆောင် ကြိုးတံတားသစ်ဖွင့်ပွဲကို ယနေ့နံက်ပိုင်းက အဆိုပါ တံတားတည်ရှိရာနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ ထီလာဦး မျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့ မျက်စိခွဲစိတ်ကုသပေး
မိတ္ထီလာမြို့ ထီလာဦး မျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်က ခွဲစိတ်ကုသပေးခဲ့ကြောင်း ထီလာဦး မျက်စိအထူးကုဆေးရုံမှ သိရသည်။
ကျိုက်မရော၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန့်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ အထူးစည်ကား
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့  ကမ်းနားလမ်းရှိ အတ္တရံမြစ်အတွင်း၌ ကျင်းပပြုလုပ်သည်။ 
လွိုင်ကော်မြို့၊ ဆုတောင်းပြည့် မဟာမြတ်မုနိ မိုးကောင်းဘုရားကြီး ဂန္ဓကုဋီတိုက် အာရုံခံတန်ဆောင်းတော်သစ်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဆုတောင်းပြည့် မဟာမြတ်မုနိ မိုးကောင်းဘုရားကြီး ဂန္ဓကုဋီတိုက် အာရုံခံတန်ဆောင်းတော်သစ်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ၊ နံနက် ၉  နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပသည်။ 
တပို့တွဲလပြည့်နေ့တွင် မန္တလေးရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများတွင် လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကား
တပို့တွဲလပြည့်နေ့ (သြဝါဒပါတိမောက် အခါတော်နေ့)တွင် မန္တလေးရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများတွင် လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ရေတာရှည်-ကရင်ချောင်း-လိပ်သို စစ်တောင်းမြစ်ကူးတံတား အမြန်ဆုံးပြီးစီးရေးကြိုးပမ်းဆောင်ရွက်နေ
ကရင်ပြည်နယ်၊ တောင်ပေါ်ဒေသများနှင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တို့ကိုအဓိကဆက် သွယ်ထားသည့် ရေတာရှည်-ကရင်ချောင်း-လိပ်သိုကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတားကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၆)မှတာဝန်ယူ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်တည် ဆောက်လျက်ရာ တံတားအောက်ပိုင်းလုပ်ငန်းများပြီးစီးသွားခဲ့ပြီးယခုအခါ အပေါ်ပိုင်းယက်မကြီးများ တင်ခြင်းနှင့်ကြမ်းခင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည်။
ဆံတော်ရှင်မြသပိတ်စေတီတော် ဗုဒ္ဓပူဇနိယပွဲနှင့် နှီးဘုရားရုပ်ပွားတော်မြတ်ကြီး ပူဇော်ပွဲ ဆွမ်းကြီးလောင်းပွဲတော် သထုံတွင် စည်ကားစွာကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့ မြသပိတ်တောင်ထိပ်ရှိ ဆံတော်ရှင် မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်ခြေရှိ မြန်မာနိုင်ငံ၌အကြီးဆုံးဖြစ်သော နှီးဘုရားကြီး ဗုဒ္ဓပူဇော်ပွဲအထိမ်းအမှတ် ဆွမ်းကြီးလောင်းပွဲကို ဖေဖော်ဝါရီလ ၈ ရက်(တပို့တွဲလပြည့်)နေ့၊ နံနက်က စည်ကားစွာ ကျင်းပခဲ့သည်။