ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးများအတွက်  ဒုတိယအဆင့် ရေးဖြေ စာမေးပွဲကျင်းပနေမှု ကြည့်ရှုအားပေး

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၃/၂၀၁၉)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၉)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် လစ်လပ်ရာထူး ၃၀၁ နေရာအတွက် ဒုတိယအဆင့် ရေးဖြေစာမေးပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန(၅)ခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။
ရာသီမရွေး လာရောက်လည်ပတ်နိုင်သော ကျိုင်းတုံမြို့ ခုနှစ်ထပ်ရေတံခွန်

ကျိုင်းတုံ  ၁၉  ဇန်နဝါရီ

 

မောင်တောမြို့နယ်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွား(၁၀၆)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်းကို ဇန်နဝါရီ ၁၇ ရက်၊ ၁၈ ရက်နေ့များတွင်  မြို့ပေါ်ရပ်ကွက်များတွင် မြေပြင်ကွင်းဆင်း၍ သွားရောက်ပေးအပ်ခဲ့ကြသည်။ 
ညောင်တုန်း ၂၂ လမ်းမြစ်ကမ်း ရေကာတာ အမြန်တည်ဆောက်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေး
ညောင်တုန်းမြို့သည် ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ရာ ၁၉၈၅ ခုနှစ်မတိုင်မီ နှစ်များက ညောင်တုန်းတစ်ဖက်ကမ်း ရန်ကင်းစံရာဘက်ခြမ်းတွင် သောင်ထွန်းပြီး ညောင်တုန်းမြို့ဘက်အခြမ်း ကျွန်းထိပ်ပိုင်းတွင်ကမ်းပြိုမှုများကြောင့် ၁၉၈၆/၁၉၈၇ ခုနှစ်က ညောင်တုန်းမြို့၁၂ လမ်းတည့်တည့်တွင် ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဖြတ်ရေခေါ် တူးမြောင်းဖေါက်လုပ်ခဲ့ရာမှ မြို့တည့်တည့်ရေကြောင်းထိုးမှုကြောင့် ၁၉၈၈ ခုနှစ်မှစတင်၍ ညောင်တုန်းမြို့မှာ မြစ်ကမ်းပြိုမှု ဆိုးဆိုးရွားရွားဖြစ်ခဲ့ရသည်။
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နွားထိုးကြီး - တောင်သာ ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်တွင် Pilot Project ဖြင့် ဆောင်ရွက်ပြီးစီးသည့် နွားထိုးကြီး -တောင်သာ ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ လမ်းပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများ လေ့လာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ အမေရိကန် ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများကို သွားရောက်လေ့လာခဲ့သည်။
မုံးကိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယမန်နေ့မှစတင်၍ မုံးကိုးမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် တာချင့်ကျေးရွာတို့၌ ကွင်းဆင်းဆောင်ရွက်သည်။