မိတ္ထီလာမြို့နယ်၌ ကျောင်းသားကျောင်းသူများ ရောဂါကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်ထားရှိ
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေး အခြေခံပညာကျောင်းများတွင် စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရ
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စောင့်ကြည့် လူနာများထားရှိရန် စီစဉ်လျက်ရှိသော အနောက်ပိုင်း နည်းပညာ တက္ကသိုလ် ပုဂံအဆောင်နှင့် အဆောင်ပတ်ဝန်းကျင်သန့်ရှင်းရေး စတင်ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စောင့်ကြည့်လူနာများထားရှိရန် စီစဉ်လျက်ရှိသော အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပုဂံအဆောင်နှင့် အဆောင်ပတ်ဝန်းကျင်သန့်ရှင်းရေး ယနေ့ နံနက်   ၉ နာရီက စတင် ဆောင်ရွက်
ထန်တလန်မြို့နယ်တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိကို  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များက  ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့
ကောလင်းမြို့နယ်တွင် သဘာဝအင်ဥမှို လူကြိုက်များလာသဖြင့် ရှာဖွေရောင်းချသူများ အဆင်ပြေ

ပွင့်ဖြူမြို့နယ်၌ တိုင်ထောင်ပဲသီးနှံ တစ်ပိဿာလျှင် ငွေကျပ် တစ်ထောင်ကျော် ရောင်းချရ၍  စိုက်ပျိုး တောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် တိုင်ထောင်ပဲစိုက်ပျိုးတောင်သူများ အောင်မြင် ဖြစ်ထွန်းပြီး တိုင်ထောင်ပဲသီး တစ်ပိဿာလျှင် ငွေကျပ် တစ်ထောင်ကျော် ရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ ဒေသခံ တောင်သူများ ထံမှ သိရ
သဖန်းဆိပ်ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် လယ်ကြားရေပေးမြောင်းများ ပြုပြင်ဆောင်ရွက်