ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Card များစနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့် နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/ မမှန်စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့် လည်းကောင်း၊ အရောင်းဆိုင်များတွင် လည်းကောင်း၊ သတ်မှတ်ရက်အတွင်း ပြန်လည်မှတ်ပုံတင် ကြပါရန် (၂၃-ဝ၂-၂၀၂၀) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် လည်းကောင်း၊ Website များနှင့် လူမှုကွန်ရက် မီဒီယာများတွင် လည်းကောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါ