ခြေတု၊ လက်တု တပ်ဆင်လိုသူများကို ကျိုင်းတုံမြို့အထိ ပို့ဆောင်ပေးခြင်းနှင့် တပ်ဆင်ပေးခြင်းများကို အခမဲ့ကူညီပေးလျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အခြေစိုက်၊ ကြက်ခြေနီအသင်းမှ အကြောင်းအမျိုးမျိုးကြောင့် ခြေ၊ လက်အင်္ဂါ ချို့ယွင်းသူများကို ကျိုင်းတုံမြို့၌ တည်ရှိသည့် ခြေတု၊ လက်တုစက်ရုံသို့ အခမဲ့ပို့ဆောင်ပေးခြင်းနှင့် ခြေတု၊ လက်တုများ အခမဲ့တပ်ဆင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဒေါ်နန်းမွေဖောင်က ပြောသည်။