ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့်ဆမီးမြို့နယ်တို့မှ ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာသို့ ပြောင်းရွေ့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၃၃ စုရှိ လူဦးရေ ၁၈၉ ဦးအတွက် ၆ လစာ ဆန်နှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီက သီကီးရ်ကျေးရွာ ဒေါ်ငွန်ပါရ် ယူပီစီဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်း၊ ပြည်နယ်အားကစား နှင့်ကာယပညာ ဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ ထန်တလန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း၊ သီကီးရ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလျန်ထန်းနှင့် တိုက်ပွဲရှောင် ပြောင်းရွေ့ ရောက်ရှိနေသည့် မိသားစုဝင်များ တက်ရောက်ခဲ့ကြ