မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များအတွက် ပထမအကြိမ် စာအုပ်များပေးအပ်လှူဒါန်း
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ဒီဇင်ဘာ၃ရက် နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း နာယက ဦးဝင်းမောင်က တိုင်း ဒေသကြီးနှင့် မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း တို့နှင့် ပူးပေါင်း၍ ကျေးရွာစာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးရေး၊ စာအုပ်စာစောင်ရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ စာကြည့်တိုက် ကော်မတီဝင်များနှင့် စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် အနာဂတ်တွင် ဆက်လက်ရှင်သန်စေမည့် လူမှုအဖွဲ့အစည်းအတွင်း စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကြောင်းကို ရှင်းလင်းဆွေးနွေ