ရွှေကူမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်တင်စင်များ လှူဒါန်း
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်များ စနစ်တကျထားရှိနိုင်ရန်အတွက် ယနေ့ ညနေ ၄ နာရီတွင် ရွှေကူမြို့ အမှတ်(၃) မြို့ကုန်းရပ်ကွက်ရှိ မီးသတ်စခန်းမှ စာအုပ်စာစောင်တင်စင်များ ပေးအပ်လှူဒါန်းခဲ့သည်။






