မြိတ်မြို့တွင် ဈေးရောင်းချသူများ နှာခေါင်းစည်း၊ လက်အိတ် တပ်ဆင်ရောင်းချရန်နှင့် ဈေဝယ်သူများအား နှာခေါင်းစည်း တပ်ဆင်ရေး ပညာပေးစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးများ၌ လူစုလူဝေး မဖြစ်စေရေး၊ ပြည်သူများနေ့စဉ် စားသုံးနေကြသော အခြေခံစားကုန်များကို စနစ်တကျ ရောင်းချဝယ်ယူနိုင်ရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပြီး ယနေ့ နံနက်ပိုင်းက သီဟဇေယျာ (မြို့သစ်)ဈေး ဈေးအတွင်းဈေးအပြင်၌ ဈေးရောင်းချသူများ နှာခေါင်းစည်း၊ လက်အိတ် တပ်ဆင်ရောင်းချရန်နှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။







