ချင်းပြည်နယ်အတွင်း Community Based Facility Quarantine တွင်ထားရှိသူများ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေးနှင့် ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများပေးအပ်
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း Community Based Facility Quarantine တွင် ထားရှိသူများ စာနပ်ရိက္ခာ ဖူလုံမှုရှိစေရေးအတွက် ကမ္ဘောဇဘဏ်မှ မတည်လှူဒါန်းငွေကျပ် သိန်း ၃၀၀ နှင့် ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ထန်တလန်မြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိတ်သဟာယ အသင်းတို့မှ အလှူငွေကျပ် သိန်း ၅၀ ကို ယနေ့ မွန်းလွဲ နာရီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်  Online Workshop on COVID-19 Crisis Management: React, Rethinks, Recover အလုပ်ရုံဆွေးနွေးပွဲတက်ရောက်
မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ထိခိုက်ခံစား နေရမှုများကို လျော့ပါးသက်သာစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သော စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ကာလအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှုများအား ပြန်လည်ကုစားနိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ ညှိနှိုင်းဖော်ထုတ်သည့် အလုပ်ရုံဆွေးနွေးပွဲ  Online  Workshop on COVID-19 Crisis Management: React, Rethinks, Recover ကို ယနေ့  နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ နီလာအစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပရာ  အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့ တက်ရောက်ကြသည်။
ကျောက်ဆည်မြို့ နှင့် ပြင်ဦးလွင်မြို့မှ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားခများကို Mandalay Smart Pay နှင့် စတင်ပေးဆောင်နိုင်ပြီဖြစ်

ပခုက္ကူခရိုင်နှင့် မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေလှူဒါန်း

ထန်တလန်မြို့ ပြည်သူ့​ဆေးရုံရှိ လူနာများအား  အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့လှူဒါန်း

ကမာမတ်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်း