ကျေးလက်ကုန်ထုတ်လမ်း ဂဝံကျောက်ခင်းခြင်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုနယ်တွင် ဧပြီ ၂၆ ရက်က ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပုသိမ်မြို့နယ်၊ မြို့ချောင်းကျေးရွာ၊ စမ်းကြီးကျေးရွာ ကုန်ထုတ်လမ်း (ဂဝံခင်းခြင်း) နှင့် စမ်းကြီးလမ်း ပေါ်ရှိ RC တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။






