ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Quarantine နေရာများ၏ လိုအပ်ချက်များ စာရင်းနှင့် စေတနာ့ဝန်ထမ်း စာရင်းများ ကောက်ယူရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Quarantine နေရာများ၏ လိုအပ်ချက်များစာရင်းနှင့် စေတနာ့ဝန်ထမ်း စာရင်းများ ကောက်ယူခြင်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ Video Conference ဖြင့်ဆောင်ရွက်ခဲ့သည်။   
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဆန်နှင့် ပဲမျိူးစုံ ပြည်ပသို့ တင်ပို့နိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် ဆန်နှင့် ပဲမျိုးစုံ ပြည်ပသို့ တင်ပို့နိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဆိပ်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များအား ဆန်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ပေးအပ် 
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များအား  ယနေ့ နံနက်ပိုင်းက ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် မိုးသက်လေပြင်းကြောင့် ပြိုလဲပျက်စီးခဲ့သည့် လျှပ်စစ်ထရန်စဖော်မာနှင့် ဓာတ်အားတိုင်များအား ပြုပြင်ပြီးစီး၍ ဓာတ်အားပြန်လည်ပို့လွှတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီ (၂၆) ရက်က မိုးသက်လေပြင်း ကျရောက်မှုကြောင့် ကျောက်ပန်းတောင်း - ပုပ္ပားလမ်း အထွက်တွင် သစ်ပင်ပြိုလဲ၍ ဓာတ်အားကြိုးပေါ်ပိမိပြီး လျှပ်စစ်ဓာတ်အားတိုင် (၁၆) တိုင် နှင့် ထရန်စဖော်မာ တစ်လုံးလဲပြိုမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပြိုလဲပျက်စီးမှုများကို ညောင်ဦးခရိုင် လျှပ်စစ်မန်နေဂျာ ဦးစီး၍ အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခဲ့ရာ ဧပြီ  ၂၇ ရက် ယနေ့ ညနေ ၆ နာရီ ၁၀ မိနစ်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ရေဖြူတွင်းကျေးရွာ ကြက်ခြေနီအသင်းခွဲရုံးသို့ ထောက်ပံ့ပေးအပ်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ မွန်းလွဲ ၃ နာရီက ရေဖြူတွင်းကျေးရွာ ကြက်ခြေနီအသင်းခွဲရုံးသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက်
တနင်္သာရီတိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  အစည်းအဝေး ခန်းမ၌ကျင်းပသည်။