ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် မဂွေဇ- ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေမှုကြည့်ရှုစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄) မိုင် ဖောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ငန်းအဖွဲ့(၂)ဖွဲ့ခွဲ၍ အပြီးသတ်ဆောင်ရွက်လျက်ရှိသောမြေလမ်း (၅၂)မိုင်အနက် ကျောက်လမ်း (၃၄)မိုင်နှင့် တံတား(၁၉)စင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး ခဲ့သည်။