နတ်တလင်းမြို့နယ်တွင် တောင်သူ ၁၂ ဦးအတွက် ယာယီလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၃) ပေးအပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ဧပြီလ ၂၇ ရက် နံနက် ၉ နာရီခွဲက မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃) ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့
ကျောက်ကြီးမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု နှစ်ခုမှ လူနေအိမ်၊ ဓမ္မရုံနှင့် စာသင်ကျောင်းများ အမိုးလန်ပျက်စီးဆုံးရှုံး
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ဧပြီ ၂၆ ရက် ညနေ ၃ နာရီက လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ကျေးရွာအုပ်စု နှစ်အုပ်စုရှိ လူနေအိမ်၊ ဓမ္မရုံနှင့် စာသင်ကျောင်း အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
ဖျာပုံခရိုင် ဖျာပုံမြို့နယ် မြို့ရန်ပုံငွေမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့က ဖျာပုံမြို့သီရိအဏ္ဏဝါ ခန်းမ၌ ကျင်းပ
ဖျာပုံမြို့နယ်တွင် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့်အမျိုးသမီးတစ်ဦး သေဆုံး
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် ကဇောင်းကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာတွင် ဧပြီ ၂၆ ရက်နေ့ ညနေ (၄) နာရီခန့်တွင် ရုတ်တရက်မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် အမျိုးသမီးတစ်ဦး မိုးကြိုး ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရှိရ
ငဖဲမြို့နယ် ဇီးတောလေးကျေးရွာတွင် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု  ၆၅ ရာခိုင်နှုန်းပြီးစီး
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ဇီးတောလေးကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ အသုံးပြု နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ဂါလန် ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းအား ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရ
ကံမမြို့နယ်အတွင်းရှိ သဘင်ပညာရှင်လုပ်သား ၉၇ ဦးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်အတွင်းရှိ သဘင်ပညာရှင်လုပ်သားများ အတွက် မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် CB-KMA ဖောင်ဒေးရှင်းတို့မှ အခြေခံစားသောက်ကုန်များ အား ယမန်နေ့ နေ့လယ်က လာရောက်လှူဒါန်းထောက်ပံ့ခဲ့ကြ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ