မတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ တစ်ခါသုံးနှာခေါင်းစည်း နှင့် အဝတ်နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ် 

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသည့် မတ္တရာမြို့နယ်တွင် အသုံးပြုရန် တစ်ခါသုံးနှာခေါင်းစည်း တစ်ထောင်နှင့် အဝတ်နှာခေါင်းစည်း လေးထောင်အား ဧပြီ ၂၄ ရက်နေ့က မတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ ပြည်တွင်းနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ  (၃၈)ဦးအား စောင့်ကြပ်ကြည့်ရှုလျက်ရှိ 
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်ပနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူ (၃၀)ဦးနှင့် ပြည်တွင်းမှ (၈)ဦး စုစုပေါင်း (၃၈)ဦးတို့အား စောင့်ကြည့်ရေးစခန်းများ၌ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင် နေရပ်ပြန်ဝန်ထမ်းများ နှင့် ပြည်ပမှ ပြန်လည် ရောက်ရှိလာမည့်သူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်မည့် နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့နံနက်တွင် နေရပ်ပြန် ဝန်ထမ်းများ နှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့်သူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်မည့် ပညာရေးကောလိပ် (ပုသိမ်) နှင့် နည်းပညာတက္ကသိုလ် (ပုသိမ်) သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
မကွေးတိုင်းဒေသကြီးရှိ သဘင်အစည်းအရုံးဝင် အနုပညာမိသားစု ၃၄၃၅ ဦးအတွက် စားသောက်ကုန်များ လှူဒါန်း
တိုင်းဒေသကြီးအတွင်းရှိ သဘင်အစည်းအရုံးဝင် အနုပညာမိသားစု (၃၄၃၅)ဦးအား စားသောက်ကုန်များ လှူဒါန်းလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးမှ သိရသည်။
မုဒုံမြို့နယ်တွင် သောက်သုံးရေရှာပါးသည့် ကျေးရွာများသို့ ရေလှူဒါန်း
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာအများတွင် နွေရာသီကာလတွင် သောက်သုံးရေပြတ်လပ်မှုနှင့် နှစ်စဉ်ကြုံတွေ့ လျက်ရှိရာ အဆိုပါ သောက်သုံးရေလိုအပ်မှုကို ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ရပ်ကွက်/ကျေးရွာ များ၌ ဖွဲ့စည်းထားသည့် ရေလှူကားများဖြင့်  ပို့ဆောင်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဗားရ်တံတား အမှတ်(၂)တည်ဆောက်မှု အခြေအနေများ ကြည့်ရှုစစ်ဆေး
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဖလမ်းမြို့နယ်ရှိ ဗားရ်တံတား အမှတ်(၂)တည်ဆောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဧပြီလ ၃၀ ရက်နောက်ပိုင်းတွင်  ပြန်လည်ရောက်ရှိလာမည့် လူဦးရေ ၅၀၀ ခန့်ကို Quarantine ထားရန်အတွက် နေရာများ စီစဉ်ပေး