မကွေးမြို့တွင် ဒုတိယ ယာယီဈေးအဖြစ် တိုင်းအားကစားကွင်းအတွင်း ဖွင့်လှစ်ရောင်းချခွင့်ပြု
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပြည်သူများမှ အခြေခံစားကုန်များကို ဘေးအန္တရာယ် ကင်းရှင်းစွာ အလွယ်တကူ ဝယ်ယူစားသောက် နိုင်စေရေးအတွက် ဒုတိယမြောက် ယာယီပျံကျဈေး အဖြစ် မကွေးမြို့ တိုင်းဒေသကြီးအားကစားကွင်းအတွင်း၌ ဆိုင်ခန်းကွက်များ သတ်မှတ်ကာ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ နံနက် ၆ နာရီမှ ၁၀ နာရီအထိ ဝယ်ယူရောင်းချခွင့်ပြုထားကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရ








