ထန်းလျက်လှိုင်လှိုင်ပေါ်ချိန် ထန်းလျက်ဈေးနှုန်း ကျဆင်းနေ

ညောင်ဦးခရိုင် ငါ့သရောက်မြို့ ထန်းလျက်လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းနေကာ ထန်းတောင်သူများ အနေဖြင့် ထန်းလျက်ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ထန်းတောင်သူများထံက သိရသည်။
ရေးမြို့တွင် ပရဟိတလူငယ်များစုပေါင်း၍ နှာခေါင်းစည်းများချုပ်ကာ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
မွန်ပြည်နယ်၊ ရေးမြို့ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ ပရဟိတလူငယ်များစုပေါင်း၍ နှာခေါင်းစည်းများချုပ်ကာ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ 
လောက်ကိုင်နှင့်လားရှိုးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
တပ်မတော်မှ ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့နယ်၊ တာရွှေထန် ကျေးရွာအုပ်စု၊ ကြွယ်ပါးကျေးရွာ၏ အရှေ့တောင်ဘက်ရှိ အဆောက်အဦပျက် အပေါ်ထပ် အုတ်နံရံအပေါက်တွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား  ၆,၈၀၀  ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယာယီပျံကျဈေးဖွင့်လှစ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယာယီပျံကျဈေးကို ကျိုက္ကလော့ဝတ္တကမြေတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ် ရောင်းချခဲ့သည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ (၂၂) ရက်  မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား လက်ခံသည်။
ဒလမြို့နယ်၌ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအခြေပြု ယာဉ်လိုင်းအနည်းငယ်ဖြင့် ခရီးသည်များကို ပြေးဆွဲပေး
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ အခြေပြုပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ယနေ့အချိန်ထိ အပြည့်ပြေးဆွဲခြင်းမရှိဘဲ ယာဉ်လိုင်း(၄)ခုဖြင့်  ခရီးသွားမိဘပြည်သူများ အဆင်ပြေစေရေးအတွက် ခရီးသည်အနည်းကိုသာ ပြေးဆွဲပို့ဆောင် ပေးလျက်ရှိကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ဒလမြို့နယ်ရုံးခွဲမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဂန့်ဂေါမြို့ရှိ ဘဏ်များတွင် ပိုးသတ်ဆေးဖျန်း
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ပေါ်ရှိ ဘဏ်များတွင် ယနေ့ ညနေ ၅ နာရီက ပိုးသတ်ဆေးပက်ဖျန်းခဲ့သည်။