ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာများသို့ နိုင်ငံတော်၏ ထောက်ပံ့ရန်ပုံငွေဖြင့်  လက်ဆေးဘေစင်များ လိုက်လံ တပ်ဆင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာ (၇)ရွာသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နိုင်ငံတော်၏ ထောက်ပံ့ရန်ပုံငွေဖြင့် လက်ဆေးဘေဆင်များကို ယမန်နေ့မွန်းလွဲ (၁)နာရီက လိုက်လံတပ်ဆင်ပေးပြီး ဆက်စပ်ပစ္စည်းများ ပေးအပ်ထောက်ပံ့
သထုံမြို့နယ်တွင် မီတာခပေးဆောင်ရာ၌ လူစုလူဝေးမဖြစ်ပွားအောင် စနစ်တကျစီမံဆောင်ရွက်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မီတာခလာရောက်ပေးဆောင်သူများ လူစုလူဝေးမဖြစ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
မော်လိုက်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စု များ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မော်လိုက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ COVID-19 ကုသရေး လုပ်ငန်းကော်မတီအဖွဲ့မှ ဖျားနာကုသရေးဆေးခန်း       (Fever Clinic) ဖွင့်လှစ်ကုသလျှက်ရှိ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် (COVID-19) ကူးစက်မြန်အဆုတ်ရောင် ရောဂါ ကူးဆက်ပြန့်ပွားများ မဖြစ်ပေါ်စေရန်အတွက် Cummunity Based Facility Quarantine များ စောင့်ကြပ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီအဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီ အချိန်မှ စတင်ကာ မြောက်ဉီးမြို့ရှိ ဖျားနာနေသည့် ပြည်သူများအတွက် သီးသန့်ဖျားနာကုသရေး ဆေးခန်း (Fever Clinic)ကို မြို့နယ်ပြည်သူ့ဆေးရုံကြီးရုံးဟောင်းတွင် ဖွင့်လှစ်ပြီး စောင့်ကြည့် ကုသပေးလျှက် ရှိကြောင်း သိရ
သောက်သုံးရေအခက်ကြုံနေသော ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နေ့စဉ်ရေလှူဒါန်း
ပူပြင်း ခြောက်သွေ့သော နွေရာသီတွင် ကျိုက်မရော မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေသယ်ယာဉ် ၂ စီးဖြင့် ယနေ့နံနက်ပိုင်းက ကျွန်းရွာကျေးရွာ၌ သောက်သုံးရေများ လှူဒါန်းပေးသည်။
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ စနစ်တကျထုတ်ပေးလျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် မြန်မာ့စီပွားရေးဘဏ်မှ အငြိမ်းစားပင်စင် လစာများကို ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမအတွင်း၌ အငြိမ်းစား ဝန်ထမ်းများအား စနစ်တကျထုတ်ပေးလျက်ရှိသည်။
မိတ္ထီလာမြို့မဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်များအား  နှာခေါင်းစည်း  မတပ်ဆင်ပါက မြို့မဈေးကြီး အတွင်း ဝင်ခွင့်ပြုမည်မဟုတ်
မိတ္ထီလာမြို့မ ဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မင်္ဂလာအထည်ချုပ်လုပ်ငန်းတို့ ပူးပေါင်းမှုဖြင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ဧပြီလ ၂၃  နံနက် ၈နာရီက ဆောင်ရွက်ကြောင်း သိရ