မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဘုန်းကြီးကျောင်း (၆၉) ကျောင်းမှ သံဃာတော်များအတွက် ငါးသေတ္တာ ဘူးများ ပေးအပ်လှူဒါန်း
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားနေစဉ် ကာလအတွင်း မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၆၉) ကျောင်းမှ သံဃာတော်များ ဆွမ်းကိစ္စများတွင် အထောက်အပံ့ ဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရွှေသံလွင် ကုမ္ပဏီနှင့် ဘာသာပေါင်းစုံ အဖွဲ့မှလှူဒါန်းသည့် ငါးသေတ္တာဘူးများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်သံဃာ့ မဟာနာယက ဆရာတော်ထံ ဆပ်ကပ်လှူဒါန်းခဲ့ကြ








