ကာမိုင်းမြို့၌ ဆေးတပ်ဖွဲ့ဝင်များကဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ မြစိမ်းရောင်ရပ်ကွက်နှင့် မအူပင်စုရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား အမှတ်(၃၃၂)နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေး စောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း၍ အခမဲ့ ဆေးကုသပေးခြင်းကို မြစိမ်းရောင်ရပ်ကွက် ဒေါ်လဗျလုနေအိမ်၌ ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ပေးခဲ့
ဖရဲကျွန်းတပ်ပိုးကျေးရွာ၌ ကျေးရွာဖွံဖြိုးရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် စာသင်ကျောင်း ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာ နှစ်အတွင်း ကျေးရွာဖွံဖြိုးရေးစီမံကိန်း(VDP)ခွင့်ပြုရန်ပုံငွေကျပ် ၁၀ သန်းနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၂ ဒသမ ၅ သန်းဖြင့် ပူးပေါင်းဆောင်ရွက်သည့် ဖရဲကျွန်းတပ်ပိုးကျေးရွာ စာသင်ကျောင်း ဆောက်လုပ်နေမှုကို ယနေ့နံနက် ၁၀ နာရီက  မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ
ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေး ပွင့်ဖြူမြို့နယ်၌  ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ မြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ညမထွက်ရ အမိန့်ထုတ်ပြန် ကြေညာခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီထံမှ သိရ
မင်းလှမြို့နှင့် မယ်စဲ့မြို့နယ်တို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)တပ်ဆင်ကြရန် အသိပညာပေး
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ကြီးမှူး၍ ကိုဗစ်-၁၉  ရောဂါကာကွယ်ရေးအတွက် ပြည်သူများ အပြင်သို့ အသွားအလာ ပြုလုပ်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန် အသိပညာပေး လုပ်ငန်းကို ယနေ့နံနက် (၈)နာရီခွဲက မြို့နယ်ခန်းမရှေ့တာဘောင်ကြီးလမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရ
သောက်သုံးရေ အခက်အခဲရှိနေသော ဟိုင်းကြီးကျွန်းမြို့ ရွာသစ်(နတ်ကုန်းသာ)ကျေးရွာသို့ ရေဂါလန် (၈၀ဝ) သွားရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာအုပ်စုရှိ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသော ရွာသစ်(နတ်ကုန်းသာ)ကျေးရွာသို့ ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များက ရေဂါလန်(၈၀ဝ)ကို ယနေ့နံနက် ၉နာရီက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရ
ဂန့်ဂေါမြို့နယ်တွင် အမှိုက်သိမ်းယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပေးကြေညာ
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်နေပြည်သူများ၏ မီးဖိုချောင် အမှိုက်များကို ပုံမှန်သိမ်းဆည်းလျက်ရှိရာ အမှိုက်သိမ်းယာဉ်ရောက်ရှိကြောင်း သိရှိနိုင်ရန် အချက်ပေး ခေါင်းလောင်းသံအစား အသံချဲ့စက်တပ်ဆင်အသုံးပြုလာသည့်အတွက် ပြည်သူများလွယ်ကူစွာ သိရှိနိုင်ကြသည့်အပြင် ယခုကာလ၌ ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပေးချက်များ ကိုလည်း ထည့်သွင်းကြေညာ ပေးလျက်ရှိ
ယင်းမာပင်မြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား Home Quarantine နေထိုင်ပေးရေးနှင့် အားပေးစကားပြောကြား
ထိုင်းနိုင်ငံမှ ပြန်လာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် ကရင်ပြည်နယ်၊ မြဝတီမြို့၌ စီစဉ်ထားသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် ကန့်သတ် စောင့်ကြည့်ရက် ၂၁ ရက်ပြည့်မြောက်သွားပြီဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့်  ယင်းမာပင်မြို့နယ်သို့ ဧပြီ ၂၂ ရက်နေ့ ညနေ ၃ နာရီက ၃၉ ဦး ပြန်လည် ရောက်ရှိလာကြောင်း သိရ