ပွင့်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၂ လုံး အမိုးလန်ပျက်စီး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာအုပ်စုနှင့် ပေတောကျေးရွာအုပ်စုတွင် ဧပြီ ၂၁ ရက် ည ၇ နာရီ မိနစ် ၅၀ ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ လူနေအိမ် ၂၂ လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။






