ချင်းပြည်နယ်အတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ကမ္ဘောဇဘဏ်က ဆန်အိတ်တစ်ထောင် လှူဒါန်း

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ကမ္ဘောဇဘဏ်က ဆန်အိတ် ၁၀ဝ၀ နှင့် ပလက်ဝမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ကန်ပက်လက်မြို့စေတနာရှင် အလှူရှင်များ က လှူဒါန်းငွေ ကျပ် ၁၀၂ သိန်း၊ မန္တလေးမြို့မှ အလှူရှင် ဦးမင်းမင်းအောင်(ပတ္တမြားအိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေး) မိသားစုက ငွေကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၂၁ ရက် ညနေ ၅ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ကော်မတီဝင် ပြည်နယ်ဝန်ကြီးများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
သောက်သုံးရေ အခက်အခဲရှိနေသော ကျေးရွာသို့ မီးသတ်တပ်ဖွဲ့က ရေဂါလန် ၈၀ဝ သွားရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာအုပ်စုရှိ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေ သော တောင်ကလေးကျေးရွာသို့ ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ဦးဆောင်သော တပ်ဖွဲ့ဝင်များက ရေဂါလန် ၈၀ဝ ကို ယခု ၂၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးနေကြောင်း သိရှိရသည်။
မန္တလေးသို့ ဝင်ရောက်လာမည့် အိမ်စီးကားနှင့် ကုန်တင်ကားများ လူငါးဦးအထိသာ တင်ဆောင်ခွင့်ပြုထားကြောင်း ဒေသန္တရအမိန့်ကို ဧပြီ ၃၀ ရက်အထိ တိုးမြှင့်
မန္တလေးမြို့သို့ ဝင်ရောက်လာမည့် အိမ်စီးကားနှင့် ကုန်တင်ကားများကို လူ ၅ ဦးအထိသာ တင်ဆောင်ခွင့် ပြုထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့်လူနေအိမ်များ အမိုးလန်ပျက်စီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရုံးဖွင့်ရက်ဖြစ်သော်လည်း ခရီးသွားပြည်သူနည်းပါး

ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးမှုအကြိမ် ၂၁ဝဝဝ ပြုလုပ်နိုင်မည့် PCR Test Kit များနှင့် အခြားအကူအညီများ ဂျပန်နိုင်ငံမှ ပေးအပ်

တရုတ်နိုင်ငံ လုံချွမ်ခရိုင်မှ မြန်မာနိုင်ငံသို့ ခြောက်ရက်အတွင်း ဝင်ရောက်လာသူ နှစ်ထောင်ကျော်ရှိ၊ နောက်ထပ်ဝင်ရောက်သူဦးရေ လျော့နည်းလာ