ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် ပူးပေါင်း၍ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) က Video Conference စနစ်ဖြင့် ကျင်းပသည့် ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ အာရှ-ပစိဖိတ် ဒေသအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်သူများ၏ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးခန်းမှ ပါဝင်တက်ရောက်သည်။