မြန်မာ့စီးပွားရေးဘဏ် (မြိတ်)ဘဏ်ခွဲ၌ ပင်စင်လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာ့ စီးပွားရေးဘဏ် (မြိတ်)ဘဏ်ခွဲ၌ ဧပြီလ(၂၁)ရက် နံနက်ပိုင်းမှစတင်ကာ ပင်စင်လာရောက ထုတ်ယူ သူများအား  စနစ်တကျလက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူစုလူဝေး မဖြစ်စေရေး  ဆောင်ရွက်လျက်ရှိ
မြင်းခြံစက်ဘီးချစ်သူများအဖွဲ့က မြင်းခြံမြို့ပေါ်ရပ်ကွက်များအတွင်း မီတာအသုံးပြုခ သွားရောက် ပေးဆောင်ရန် အခက်အခဲရှိသူများအား လိုက်လံကောက်ခံပေးလျက်ရှိ
မြင်းခြံမြို့ စက်ဘီးချစ်သူများအဖွဲ့က မြင်းခြံမြို့ပေါ်ရပ်ကွက်များအတွင်း မီတာအသုံးပြုခ သွားရောက် ပေးဆောင်ရန် အခက်အခဲရှိသူများအား အိမ်အရောက် လိုက်လံကောက်ခံပေးလျက်ရှိကြောင်း သိရှိရ
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပါဝင်ဆောင်ရွက်မည့် စေတနာ့ ဝန်ထမ်းများအား သင်တန်းပို့ချပေး
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည့် ပြည်ပပြန်များအား သက်ဆိုင်ရာ Facility Quarantine Center များတွင် စောင့်ကြည့်နိုင်ရန်အတွက် စိတ်ပါ ဝင်စားသူ၊ ပရဟိတလုပ်ငန်း လုပ်ကိုင်နိုင်သူများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ (Volunteer Training) စေတနာ့ ဝန်ထမ်းများအား သင်တန်းပို့ချခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်း မြို့နယ် မြို့နယ်ခန်းမ၌ ဧပြီ ၂၁ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့
တာမိုးညဲမြို့နယ်ခွဲ ပြည်သူ့ဆေးရုံနှင့် မုံးစီးကျေးရွာအုပ်စုအတွင်းရှိ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများလှူဒါန်း
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်ခွဲ ပြည်သူ့ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) ကြိုတင် ကာကွယ်ရေးအတွက် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ ဧပြီ(၂၀)ရက်နေ့ နံနက်(၉)နာရီက လာရောက်လှူဒါန်း
မုဒုံမြို့နယ်တွင် အဖျားရောဂါ ကုသမှုဆေးခန်း (Fever Clinic)ဖွင့်လှစ်ရန်ဆောင်ရွက်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မုဒုံမြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မုဒုံမြို့နယ်ဆရာဝန်အသင်းတို့ ပူပေါင်း၍ Fever Clinic (အဖျာရောဂါ ကုသမှုဆေးခန်း)ကို အ.လ.က (သင်္ဘောဦး)ကျောင်း၌ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ
မြစ်သားမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်   အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ PPE ဝတ်စုံ အစုံ ၈၀ လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့က မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိ တိုက်နယ် ဆေးရုံ(၄)ခု၊ ကျေးလက်ကျန်းမာရေး ဌာန(၄)ခု တို့သို့ PPE ဝတ်စုံ(၈၀)စုံအားပေးအပ်လှူဒါန်းခဲ့
မိတ္ထီလာမြို့၌ အငြိမ်းစားပင်စင်များ ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ပင်စင်ထုတ်ယူသည့်နေရာ လေးနေရာဖြင့် ထုတ်ပေးလျက်ရှိ