ကလေးစာပေပွဲတော်(သာပေါင်း)တွင် ကျောင်းသားကျောင်းသူ တစ်သောင်းကျော်ပါဝင်ဆင်နွှဲသွားမည်
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည့် ကလေးစာပေ ပွဲတော်(သာပေါင်း)တွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ တစ်သောင်းကျော် ပါဝင်ဆင်နွှဲသွား မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြူကြူလှိုင်ထံမှ သိရသည်။