တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၍ နေအိမ်များပျက်စီး၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ စတင်ဖြစ်ပွားလျက်ရှိရာ







